go to landing page
First Slide
Welcome to
Anawrahtar Leadership University (ALU)
previous arrow
next arrow

About Anawrahtar Foundation

Anawrahtar Leadership University (ALU) is an educational institution founded with a noble vision: to cultivate and empower mindful, ethical, and compassionate leaders who bring positive change to Buddhism and Nation. Rooted in both timeless spiritual wisdom and modern academic standards, ALU offers transformative programs designed for monastic and lay learners

Latest News

သာသနာ့အမွေခံယူရခြင်းအကြောင်းနှင့် အနော်ရထာဖောင်းရှင်းအကြောင်း မိန့်ကြားတော်မူစဉ်

စာချစာသင်ထေရ်အရှင်တို့အား စာသင်စာချနေစဉ် သာသနာတော်၌ပျော်ပိုက်ကာ ဓမ္မစာပေကိုအားစိုက်လေ့လာသင်ယူနိုင်စေရန် စာချစာသင်ထေရ်အရှင်တို့အား မိမိတို့၏ သားရတနာအလား သဘောထားလျက် ဂရုစိုက်စောင့်ရှောက်သွားကြမည့် သာသနာ့အမွေခံမိသားစုများအားအနော်ရထာဖောင်ဒေးရှင်းဥက္ကဋ္ဌဆရာတော်မစိုးရိမ်အရှင်ဗုဒ္ဓပီယမှ သာသနာ့အမွေခံယူရခြင်းအကြောင်းနှင့် အနော်ရထာဖောင်းရှင်းအကြောင်းအား မိန့်ကြားတော်မူခဲ့ပါသည်။ ၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော် (၁၀)ရက် (၄.၂.၂၀၂၄) တနင်္ဂနွေနေ့ အနော်ရထာဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော စာချစာသင်ထေရ်အရှင် အစဉ်စောင့်ရှောက်ရေးစီမံကိန်းရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ကမ္ဘာအေးဘုရားလမ်းMelia Hotel, Main Ballroom တွင် (တေရသမအကြိမ်) ကျင်းပခဲ့သော သာသနာ့အမွေခံယူပွဲကြီး။စာချစာသင် ထေရ်အရှင်တို့အား ဂရုစိုက်စောင့်ရှောက်လှူဒါန်းခြင်း ရန်ကုန်မြို့၏ စတုတ္ထအကြိမ် သာသနာ့အမွေခံယူပွဲကြီးကို ၂၃.၆.၂၀၂၄ တနင်္ဂနွေ့နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်သာသနာ့အမွေခံအစစ် ကုသိုလ်နှစ်ကို ပြုလုပ်၍ သာသနာ့အမွေခံယူလိုပါက အနော်ရထာဖောင်ဒေးရှင်းသို့ ဆက်သွယ်ရန် ရုံးဖုန်းနံပါတ်များ 09400083671 / 09779889222 /09777003007

တက္ကသိုလ်ကွန်ကရစ်လမ်းအတွက် (၁၀)သိန်းကျပ်အလှူတော် သာဓုခေါ်ယူကြစေသော်

ပြင်ဦးလွင်မြို့ အနော်ရထာဗုဒ္ဓတက္ကသိုလ် Anawrahtar University of Peace, Leadership & Management စီမံကိန်း ကွန်ကရစ်လမ်း စတင်ခင်းနေပါပြီ။ ပေ အလျား (20′) x အနံ( 18′) အလှူရှင် =========================== ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဒေါ်ခင်ဆွေလွင် (သား) မောင်ဟိန်းထက်အောင်နေ (သမီး) မနေခြည်ခင်ခင်ဦး၊ မဆုလတ်ပြည့်မိသားစု။ တက္ကသိုလ်စီမံကိန်းတွင် ခင်းရမည့်ကွန်ကရစ်လမ်းအရှည်မှာ ပေ(၄၀၀၀)ခန့်ရှိပါသည်။ အနံ (၁၈’)x အလျား (၁’) အတွက် ကျပ်(၅၀၀၀၀) ကုန်ကျစရိတ်ရှိပါသည်။ ကွန်ကရစ်လမ်းကုသိုလ်ပြုလုပ်လိုပါက (၁၈’x၁’) အတွက် (၅၀၀၀၀)ကျပ်မှ စ၍ မိမိတို့လှူဒါန်းလိုသော လမ်းအရှည်အလိုက် စွမ်းနိုင်သမျှ လှူဒါန်းနိုင်ပါသည်။ ပေ(၃၀၀)အတွက် အလှူရှင်ပြည့်တိုင်း အဆင့်မြင့် ကွန်ကရစ်ဖျော်စက်ကားကြီးများဖြင့် စနစ်ကျကောင်းမွန်သော တက္ကသိုလ်လမ်းများကို ပြုလုပ်သွားမည်ဖြစ်ပါကေကြောင်း အသိပေးအပ်ပါသည်။ […]

“ကြည်ညိုဖွယ်ရာ စာချစာသင်ထေရ်အရှင်မြတ်များ”

အနော်ရထာဖောင်ဒေးရှင်းမှ ကြီးမှုးကျင်းပသော စာချစာသင်ထေရ်အရှင် အစဉ်စောင့်ရှောက်ရေးစီမံကိန်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း Melia Hotel တွင် တတိယအကြိမ်မြောက်ကျင်းပခဲ့သည့် သာသနာ့အမွေခံယူပွဲသို့ ကြွရောက်တော်မူလာကြသည့် ကြည်ညိုဖွယ်ရာ စာချစာသင်ထေရ်အရှင်မြတ်များ။ ———————————————————- ရန်ကုန်မြို့၏ စတုတ္ထအကြိမ်သာသနာ့အမွေခံယူပွဲကြီးအား ၂၃.၆.၂၀၂၄ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သာသနာ့အမွေခံအစစ် ကုသိုလ်နှစ်ကို ပြုလုပ်၍ သာသနာ့အမွေခံယူလိုပါက အနော်ရထာဖောင်ဒေးရှင်းသို့ ဆက်သွယ်ရန် ရုံးဖုန်းနံပါတ်များ 09400083671 / 09779889222 /09777003007