go to landing page
First Slide
Welcome to
Anawrahtar Novice School (AGNS)
previous arrow
next arrow

About Anawrahtar Novice School (AGNS)

The Anawrahtar Novice School is a non-profit Buddhist organization. In general, its purpose is to propagate and to maintain the teachings of the Buddha for the benefit of humankind for many millennia to come. We are totally convinced that the teachings of the Buddha are applicable to all of mankind

Latest News

အခမ်းအနားမှုး ကုသိုလ်ထူး

အနော်ရထာဖောင်ဒေးရှင်၏ စာချစာသင်ထေရ်အရှင် အစဉ်စောင့်ရှောက်ရေး စီမံကိန်းအရ ရန်ကုန်မြို့ Meli Hotel တွင် တတိယ အကြိမ်မြောက်ကျင်းပသော စာချစာသင်ထေရ်အရှင်တို့အား ဂရုစိုက်စောင့်ရှောင်လှူဒါန်းခြင်း သာသနာ့အမွေခံယူပွဲကြီးတွင် ရန်ကုန်အနော်ရထာဥပါသကာ တေးသံရှင် ကိုစိန်လင်းမှ အခမ်းအနားမှူးအဖြစ် ကုသိုလ်ပါဝင်ဆောင်ရွက်ခဲ့သည်။

ကြည်နူးဖွယ် အခိုက်အတန့်

စာချစာသင်ထေရ်အရှင်တို့အား အနော်ရထာဥပါသကာအဖွဲ့မှ သာသနာ့အမွေခံယူပွဲကျင်းပရာ ခန်းမကြီးအတွင်းသို့ ပင်ဆောင်လာစဉ်……သာသနာ့အမွေခံမိသားစုများမှ မိမိတို့နှင့်ရေစက်ဆုံ၍ မဲကျရာ သံဃာရတနာအား မိမိတို့ရှေမောက်သို့ ရောက်ရှိလာမည်ကို ကြိုဆိုစောင့်ဆိုင်းရသော ကြည်နူးဖွယ်အခိုက်အတန့်။ ၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော် (၁၀)ရက် (၄.၂.၂၀၂၄) တနင်္ဂနွေနေ့ အနော်ရထာဖောင်ဒေးရှင်း၏ စာချစာသင်ထေရ်အရှင် အစဉ်စောင့်ရှောက်ရေးစီမံကိန်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ကမ္ဘာအေးဘုရားလမ်း Melia Hotel, Main Ballroom တွင် (တတိယအကြိမ်) ကျင်းပခဲ့သော ရန်ကုန်မြို့၏ သာသနာ့အမွေခံယူပွဲ။ ရန်ကုန်မြို့၏ စတုတ္ထအကြိမ်သာသနာ့အမွေခံယူပွဲကြီးအား ၂၃.၆.၂၀၂၄ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ သာသနာ့အမွေခံယူကြမည် အလှူရှင်များသည် အနော်ရထာဖောင်ဒေးရှင်းရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ သာသနာ့အမွေခံအစစ် ကုသိုလ်နှစ်ကို ပြုလုပ်၍ သာသနာ့အမွေခံယူလိုပါက အနော်ရထာဖောင်ဒေးရှင်းသို့ ဆက်သွယ်ရန် ရုံးဖုန်းနံပါတ်များ 09400083671 / 09779889222 /09777003007

ဝမ်းမြောက်ကြည်နူး ကျေးဇူးမှတ်တမ်း

(၂၃.၂.၂၀၂၄)နေ့တွင် ရန်ကုန်မြို့၊ ဝိတိုရိယဆေးရုံကြီးတွင် အိန္ဒိယဆရာဝန်ကြီးများဖြင့် မိမိ၏ နှလုံးသွေးကြော အခြေအနေကို စမ်းသပ်စစ်ဆေးကြည့်ရှုခဲ့ရာ … အဓိကပင်မနှလုံးသွေးကြောများ ကောင်းမွန်ကြောင်း အဖြေထွက်ခဲ့ပါသည်။ ဘုန်းဘုန်း၏ ကျန်းမာရေးကို (စိတ်ပူပင်စွာဖြင့်) အထူးဂရုစိုက်စောင့်ရှောက် လှူဒါန်းပေးခဲ့ကြပါသော ဒေါက်တာသန်းထွဋ် နှင့် ကိုစိုင်းမျိုး + မသီတာရွှေဝင်း (ရွှေအင်းလေးမိသားစု)တို့၏ ကုသိုလ်စေတနာ မေတ္တာ ကရုဏာတရားများအတွက် အထူးဝမ်းမြောက်ကြည်နူးရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ အနီးကပ်လိုက်ပါ စိတ်ရှည်ကြင်နာစွာစောင့်ရှောက်ခဲ့ပါသော ညီတော်လေး အရှင်အာစာရဗုဒ္ဓိ(ပဲခူး)အားလည်း အထူးကျေးဇူးတင်ပါကြောင်း ကြည်နူးစွာ မှတ်တမ်းတင်အပ်ပါသည်။ ကျန်းမာခြင်းဟူသော ဆုလာဘ်ကြီး ကို လူသားတိုင်း ရရှိကြပါစေ … မစိုးရိမ်အရှင်ဗုဒ္ဓပီယ 25.2.2024

Our Events & Activities

University Projects

Shwe Tharmanay School